Local News

ဧည့်မထဆန်၊ ပေါ်ဆန်းမွှေးဆန်(သစ်)ဈေးကျ၍ ပေါ်ဆန်းမွှေးဆန်(ဟောင်း)၊ ဆန်ကွဲနှင့်ဖွဲနုဈေးများမြင့်တက်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၁.၃.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၇၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၂၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၃၀၀ဝကျပ်နှင့် ဖွဲနု တစ်အိတ် ၂၁၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။  (၂၈.၃.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၅၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၅၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၂၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၅၀၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၅၀၀ဝကျပ်နှင့် ဖွဲနု တစ်အိတ် ၂၁၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၁၅၀၀၀ကျပ် ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ် ၁၀၀၀၀ကျပ် ဈေးကျကာ၊  ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၅၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၅၀၀၀ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၆၀၀ကျပ် ဈေးများမြင့်တက်လျက် ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ပေါ်ဆန်းမွှေးဆန် (သစ်)တို့ ဈေးကျသွားခြင်းမှာ ကုန်ကြမ်းများပြားလျက်ရှိပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျ ဆင်းသွားခြင်းဖြစ်ပြီး ပေါ်ဆန်းမွှေးဆန်(ဟောင်း)၊ ဆန်ကွဲB(1,2) ဆန်ကွဲB(2,3,4)နှင့်ဖွဲနုတို့ ဈေးများမြင့် တက်သွားခြင်းမှာ အဝယ်လိုက်လာခြင်းတို့ကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှသိရှိရပါ သည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

Category: Local News